Saturday, March 18, 2017

ကလေးရှိခြင်းက ပိုအသက်ရှည်စေနိုင်


 မိဘဘဝက ပူဆွေးသောကတွေ ပေးနိုင်တယ်ဆိုပေမယ့် ကျန်းမာရေးနဲ့ လုပ်နိုင်ကိုင်နိုင်မှု ကျဆင်းတဲ့အချိန် အထူးသဖြင့် အရွယ်ရလာတဲ့အချိန် သက်ဆိုးရှည်ဖို့ အဓိကအချက်လည်း ဖြစ်နိုင်တယ်လို့ လေ့လာမှုအသစ်တစ်ခုက တွေ့ရှိခဲ့ပါတယ်။

အနည်းဆုံး ကလေး (၁)ယောက်ရှိသူတွေမှာ ကလေးမရှိသူတွေထက် သေဆုံးနိုင်ခြေ ပိုနည်းကြောင်း လေ့လာတွေ့ရှိချက်တွေက ဖော်ပြထားပါတယ်။ အသက် ၆၀ ကစပြီး အသက် ၁၀၀ အထိ တောက်လျှောက်လေ့လာမှုပြုလုပ်ခဲ့ပါတယ်လို့ Karolinska Institute Sweden က Karin Modig က ဆိုပါတယ်။

အသက် ၆၀ အရွယ် အမျိုးသားတွေကြားမှာ တစ်နှစ်အတွင်း သေဆုံးနိုင်ခြေ ကွာဟမှုက ၀.၀၆% ရှိပြီး အမျိုးသမီးတွေကြား ၀.၁၆% ရှိပါတယ်။ ကလေးတစ်ယောက်နဲ့ အသက် ၈၀ အရွယ်မျိုးသားတစ်ဦးအတွက် တစ်နှစ်အတွင်း သေဆုံးနိုင်ခြေ ၇.၄% ရှိပါတယ်။ ကလေးမရှိတဲ့ ရွယ်တူအမျိုးသားတစ်ဦးအတွက်တော့ ၈.၃% ရှိပါတယ်။

အသက် ၉၀ အရွယ်ရောက်တဲ့အခါ ယင်းကွာဟမှုတွေက အမျိုးသားတွေကြား ၁.၄၇% နဲ့ အမျိုးသမီးတွေကြား ၁.၁၀% မြင့်တက်ခဲ့ပါတယ်။ အိမ်ထောင်မပြုတဲ့ အမျိုးသားတွေကြား သေဆုံးနိုင်ခြေ ၁.၂% ရှိပြီး အိမ်ထောင်သည်တွေမှာ ၀.၆% ရှိပါတယ်။

ယင်းလေ့လာမှုအတွက် ဆွီဒင်နိုင်ငံက အသက် ၆၀နဲ့အထက်ရှိ အမျိုးသား ၇၀၄,၄၈၁ ဦးနဲ့ အမျိုးသမီး ၇၂၅,၂၉၀ ဦးတို့ရဲ့ သက်တမ်းကို သုတေသနအဖွဲ့တွေက လေ့လာခဲ့ခြင်း ဖြစ်ပါတယ်။

Ref: Indianexpress
trend myanmar မှ ကူးယူဖော်ပြသည်။
www.myanmarkidworld.com